August 14, 2009

Run Boxထဲမှာ gpedit.msc ဖွင့်လို့ မရပါက

ယ်ုမုသှေ်ယာ့ဝးသာ လ်ုယုကွန်ပျူတာ run box ဖိုင်ဏှ် gpedit.msc ဍောဟ်လင်ဏေ၀်လိုင်အေး.. မ်ုဝးမာ ပ်ုသှေ်လယ့်ဏှ် စ်ာဂုဏ်စ်ာတာဝး ဆေ၀်လှ်.
ကျွန်တော်ဘာ လုပ်ရမှာလဲ။ Run Boxထဲမှာ gpedit.mscရိုက်ထည့်လို့ မရလို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျေးဇူးပြု၍ ပြောပြပါဦး။

မေးလာပါတယ်။


ဒါကို မဖြေကြားခင် ကျွန်တော် မေးခွန်တစ်ခု ထုတ်ချင်ပါတယ်။

သင်၏ Windows XPက Home Editionဖြစ်နေပါသလား။ Home Editionဆိုရင် gpedit.msc (Group Policy Editor) မပါလာပါဘူး။ အဘယ်ကြောင့်ဆိုသော XP Homeသည် Standalone versionဖြစ်သောကြောင့်ဖြစ်သည်။

Windows Vista ဖြစ်နေပါက Vista Home Premiumဆိုရင် gpedit.mscမပါလာပါ။ Vista Business, Ultimate and Enterpriseဆိုရင် ပါလာပါတယ်။ တိကျတဲ့ Informationကို သိချင်ရင်တော့ ဒီ Forumမှာ ၀င်ကြည့်နိုင်ပါတယ်။
အကယ်၍ တခြား Version အထူးသဖြင့် Windows XP Proဆိုရင်တော့ ပါလာပါတယ်။ ပါလာရဲ့သားနဲ့ ခေါ်လို့ မရသေးဘူးဆိုရင် Virus ကြောင့် အများဆုံးဖြစ်နိုင်ပါတယ်...

Registry Editorထဲမှာ သွားပြီး ပြင်ဆင်နိုင်ပါတယ်။ သို့ပေမယ့် Registry Editorထဲတွင် အပြင်အဆင် မှားသွားပါက မိမိ၏ Windows problemsများစွာ ဖြစ်လာနိုင်သောကြောင့် မတင်ပြချင်ပါ။ ထို့ကြောင့် Consoleထဲတွင် သွင်းထည့်နိုင်ပါသည်။
  • Start menu > Run > "mmc"ကို ရိုက်ထည့်ပါ။ Consoleဖွင့်ခြင်းဖြစ်သည်။
  • Console 1 Windowမှ File menu> Add/Remove snap in...ကိုနှိပ်ပါ။
  • Add/Remove snap in.. dialog boxမှ Add buttonကိုနှိပ်ပါ။ ပုံပါအတိုင်းဖြစ်သည်။
  • ထို့နောက် Add Standalone snap-in dialog boxမှ Available Standalone snap-ins အောက်ကိုသွားပြီး Group Policy Object Editorကို selectလုပ်ကာ Add buttonနှိပ်လိုက်ပါ။
  • ထို့နောက် Finish buttonကို နှိပ်လိုက်ပါ။ Okဆက်နှိပ်ပါ။ Saveလုပ်ပါ။
  • ဒါဆိုရင် gpedit.msc ပေါ်လာပါပြီ။
အကယ်၍ မရသေးပါက အကြောင်းကြားပါရန်။

Related Posts by Categories



Widget by Scrapur

0 comments:

Blog Widget by LinkWithin
 

Popular Posts

Widget by Blogger Buster

Sign In and Check Message

ယနေ့ဖတ်သွားသော ခေါင်းစဉ်များ

Recent Posts